နှလုံးခုန်သံ

Verse 1:
(နှလုံးခုန်လိုက်တိုင်း ကျေးဇူးတော်
အသက်ရှုလိုက်တိုင်း ချီးမွမ်းမကုန်
ခြေလှမ်းတိုင်း ကြည့်ရှုနေတယ်
အထိအခိုက်မရှိစေဘူး)

Verse 2:
(မှောင်မိုက်သန်းခေါင်ယံည အိပ်စက်ချိန်
ကောင်းကင်တမန်များ တပ်ချပေး
မနက်မိုးလင်းတိုင်းမှာ နိုးထခွင့်ပေး)

Chorus:
(နှလုံးခုန်လိုက်တိုင်းမှာ အသက်ရှုလိုက်တိုင်းမှာ
သခင့်ကျေးဇူး ဂရုဏာတော် ချီးမွမ်းလို့ မကုန်ဘူး
ကျန်းမာခွင့်ပေးတယ် အသက်ရှင်ခွင့်ပေးတယ်
သခင့်ကျေးဇူးရေတွက် ချီးမွမ်းမကုန်ဘူး)

Bridge:
(မနက်ခင်းအလင်းတန်းလေးနဲ့ သခင့်ဂရုဏာတော် ကြိုလင့်နေ
ဘယ်အရာနဲ့မှ ကျွန်ုပ်အတွက် အထိအခိုက်မရှိစေဘူး
အတောင်တော်အရိပ်အောက် လုံခြုံခွင့်ပေးတယ်
ကွယ်ကာစောင်မပေး သခင့်ကျေးဇူးရေတွက်
ချီးမွမ်းမကုန်ဘူး)