ကြီးမြတ်​လှ​သော

Verse: 1 ကိုယ်တော်ဖန်ဆင်းလောက အလှကမ္ဘာ
စိတ်လှုပ်ရှား အံသြဖွယ် လက်ရာ
ရောင်စုံတိမ်တိုက်ကောင်းကင်မိုးကြိုးသံ ..
တန်ခိုးနဲ့ သက်သေ တည်မြဲခြင်း…
သာယာ ရှုခင်း ကျေးဌက်တေးသံ
ချီးမွမ်းခြင်းများနဲ့ သီချင်းဆို
လေပြေလေညှင်းကလေးတွေပြေးဆော့ကာ
စမ်းချောင်းကလေးတွေ လှုပ်ရှားသွား

Cho: အို…ငါ့ဝိညာဉ်
ကိုယ်တော်အား ချီးမွမ်း…
ကြီးမြတ်လှသည့် အကြောင်းကို..
အို…ငါ့ဝိညာဉ
ဘုရားသခင်မြတ်ကို ချီးမွမ်းပါ..
ကြီးမြတ်လှသည့် အကြောင်းကို..

Verse:2 ကိုယ်တော်ဘုရား လောကသားကို
ချစ်သောကြောင့် အသက်ကို စွန့်ကာ
တိုင်တော်တွင် အပြစ်ရဲ့ ဒဏ်ပေးဆပ်ကာ
အသွေးနဲ့ ဆေးကာ ဖြေလွှတ်သွား…..
ကိုယ်စိတ်နှလုံး သုံးပါးပြည့်စုံ
ဘုန်းတန်ခိုးနဲ့ ကြွလာသောအခါ
ပျော်ရွင်ကြည်နူး နှိမ့်ချသော စိတ်နဲ့
ချီးမွမ်းကြ ဟာလေလုယာ…