နှုတ်ဖြင့်မြွက်ဆိုမမှီ

Verse: 1
ယေရှု ကျွန်ုပ်ကို ချစ်သည်မှာ
ဝိညာဥ်အပြစ်မှ လွတ်ခြင်းငှာ
တိုင်ပေါ်တွင်ခံ သွေးတော်သွန်းရာ
နှုတ်ဖြင့်မြွက်ဆိုမမှီ

CHO:
ကိုယ်တော်ရှင်၏ ချစ်ခြင်းမေတ္တာ
နှုတ်ဖြင့်မြွက်ဆို မမှီနိုင်ရာ
ယေရှုကျွန်ုပ်အား ချစ်သည်ကို
နှုတ်ဖြင့်မြွက်ဆိုမမှီ​

Verse: 2
ကျွန်ုပ်အသက်ရှင်စေလိုငှာ
ဝမ်းနည်းဒုက္ခခံပါတကား
ဆူးရစ်ခေါင်းတော်မြတ်ပေါ်တင်ရာ
နှုတ်ဖြင့်မြွက်ဆိုမမှီ

Verse: 3
ပလ္လင်တော်ဝယ် ရှေ့ဆောင်သခင်
ကိုယ်တော်မြတ်၌ ငြိမ်သက်သာခြင်း
အသွေးတော်မြတ် ကုသိုလ်တော်ပင်
နှုတ်ဖြင့်မြွက်ဆိုမမှီ

Verse: 4
အနီးတွင်နေလျှင် ဝမ်းမြောက်ခြင်း
ကြောက်ရွံ့ခြင်းကင်းသော ငြိမ်သက်ခြင်း
မျှော်လင့်ခြင်း ထူးသဖြင့်ကြည်လင်
နှုတ်ဖြင့်မြွက်ဆိုမမှီ