နိုးထမှုမြစ်

verse:
သန့်ရှင်းသော ၀ိညာဉ်တော် လှုပ်ရှားသည့်အခါ
ချည်နှောင်နေတဲ့ တံတိုင်းကြီးများ ပွင့်သွား
၀ိညာဉ် မျက်စိပွင့် ၀ိညာဉ် နားတွေကြား
နိမိတ်လက္ခဏာ ကြီးမားစွာ ထင်ရှား
ဖူလှုံပေါများခြင်း ကြွယ်ဝခြင်းများ မကြုံစဖူး အံ့ဖွယ်တန်ခိုးများ

PRE –
CHORUS ၀ိညာဉ်နိုးထခြင်း တိုင်းနိုင်ငံထဲ၌
ယခု သက်ရောက်ပြီ ယုံကြည် ဝန်ခံ မြွတ်ဆို

CHORUS
ကြီးမားသော နိုးထမှုမြစ် စီးဆင်းလာပြီ
ထူးဆန်းသော အတွေ့အကြုံများ ခံစားရလာပြီ
ငိုက်မြည်းသော ၀ိညာဉ်များစွာ နိုးထလာပြီ
နိုးထမှုရဲ့ တန်ခိုးများ (ကူးစက်လာပြီ……)