တောင်ထိပ်၌လည်း

Verse 1
ကိုယ်တော်ရှင်ရဲ့အတူရှိခြင်းသည်
ကျွန်ုပ်ဘဝအတွက် အလိုအပ်ဆုံးပါ
ကိုယ်တော်ရှင်နဲ့အတူရှိခြင်းသည်
ကျွန်ုပ်ဘဝအတွက် အရေးကြီးဆုံးပါ

Verse 2
ကိုယ်တော်ရှင်ရဲ့အတူရှိခြင်းက
ကြောက်ရွှံ့စိတ်များ ဖယ်ရှားပေးတယ်
ကိုယ်တော်ရှင်နဲ့အတူရှိခြင်းက
ကျွန်ုပ်ဘဝရဲ့အောင်မြင်ခြင်းပါ

Chorus :
တောင်ထိပ်၌လည်းကိုယ်တော်ရှိတယ်
လွင်ပြင်မှာလည်းကိုယ်တော်ရှိနေတယ်
ဒုက္ခရောက်ချိန် သုခရှိနေချိန်
ကျွန်ုပ်တို့နဲ့အတူ ကိုယ်တော်ရှိတယ်
Bridge :
ကောင်းသောသူ မကောင်းသောသူအားလုံးအပေါ်မှာ
ခွဲခြားခြင်းမရှိနေပူမိုးရွာစေတယ်
အားနည်းသူ အားကြီးသူ သားသမီးများအပေါ်
ပြောင်းလဲခြင်းမရှိ ကိုယ်တော်မေတ္တာ