ခိုလှုံရာယေရှု

Verse 1: ကိုယ်တော်ဘုရားကောင်းမြတ်ကြောင်းကို စဉ်းစားရင်
မကုန်နိုင်ဘူး ကျွန်ုပ်ရဲ့ အသက်တာထဲ အချိန်တွေတိုင်း
ကျွန်ုပ်ရဲ့အနားမှာရှိတဲ့သူ မမြင်နိုင်လည်း အနီးအနားလေးမှာဘဲ

pre. ဒီလိုသခင့်အချစ်မျိုး ဘယ်နားလိုက်လို့ရှာမလဲ
အငယ်ဆုံးကိုလည်း ဘယ်တော့မှ မပြစ်ပယ်ခဲ့

Cho. ယုံကြည်စွာ ကိုးစားသူအတွက် ကိုယ်တော်ရှင် အသင့်ရှိနေမြဲ
မရေရာအားငယ်သောသူအတွက် ကျောက်ဆောင် ယေရှု
ခိုလှုံကာဆက်ကပ်သူအတွက် ကြိုဆိုလက်ကမ်းလို့နေဆဲ
သေချာတဲ့အနာဂတ်ကို ပေးစွမ်းနိုင်တဲ့သူ ခိုလှုံရာ ယေရှု ရေး…..

Verse 2: ကိုယ်တော်ဘုရား ပြုတဲ့အမှုကို စဉ်းစားရင်
မမှီနိုင်ဘူး လူ့ရဲ့အသိဉာဏ်နဲ့ ဒီလိုဘဝ အကျဉ်းအကျပ်ထဲမှာ ခဲယဉ်းလည်း
အချိန်မှီဘဲ အမြဲလောက်ငှစေခဲ့