ကျွန်ုပ်၏ဖြစ်ခြင်း

V:1 ကျွန်ုပ်သည်ဘုရား၏အသွေးနှင့်အဖိုးအခပေးအရွေးခံသူ
ကျွန်ုပ်သည်ဘုရားသားဖြစ်၍ဖြောင့်မတ်ခြင်းနှင့်အမွေခံသူ
ကျွန်ုပ်သည်အပြစ်လွတ်ခြင်းနှင့် ထာဝစဉ်အဆုံးထိအသက်ရှင်သူ
ကျွန်ုပ်သည်ကောင်းကင်နိုင်ငံသားဖြစ်ရသောသူ

V:2 ကျွန်ုပ်သည်ဘုရား၏ကျေးဇူးသနားခြင်းကရုဏာကို
အမြဲခံစားရရှိ၍ကောင်းကြီးများပြည့်လျှံနေသူ
ကျွန်ုပ်သည်သန့်ရှင်းကောင်းမြတ် စုံလင်ခြင်းနှင့်ပြည့်စုံသူ
ကျွန်ုပ်သည်ဝိညာဉ်တော်အစဉ်ကိန်းဝပ်နေသောသူ

CHO: ကျွန်ုပ်သည်လွတ်မြောက်ခြင်းနဲ့ နေ့ရက်တိုင်းအသက်ရှင်သူ
ကျွန်ုပ်သည်ဘုရား၏ဘုန်းနှင့် နေရာတိုင်း၌ လင်းနေသူ
ကျွန်ုပ်သည်ဝမ်းမြောက်ခြင်းနှင့် အခြေအနေတိုင်းအထက်၌ရှိနေသောသူ
ကျွန်ုပ်သည်လောကကြီးကိုအောင်မြင်သောအခွင့်ပိုင်သူ
ကျွန်ုပ်သည်ဆုံးရှုံးခြင်းနှင့်ထာဝစဉ်အမြဲကင်းလွတ်နေသူ
ကျွန်ုပ်သည်အကြီးမြတ်ဆုံးနှင့် ထာဝရအဆုံးမရှိတဲ့အသက်နဲ့ရှင်တဲ့သူ