ကျေးဇူးတော်အားဖြင့်

Verse:

မတတ်နိုင်သောသူ ယေရှု ကြောင့်တတ်နိုင်သည်
မထိုက်တန်သောသူ ယေရှု ကြောင့်ထိုက်တန်သည်
ကျွန်ုပ်ရဲ့အထံမှာ ခရစ်တော်အသက်ရှင်နေ
ခွန်အားနည်းသူ ကျွန်ုပ်ကို ခွန်အားနှင့်ပြည့်စေပြီ

Cho:

ယေရှုရဲ့ အသွေးတော်ကြောင့် အပြစ်မှလွတ်ကင်းပြီ
ယေရှုရဲ့ ဒဏ်ချက်တော်ကြောင့် အနာရောဂါပျောက်ကင်းပြီ
ယေရှုရဲ့ ဖြောင့်မတ်ခြင်းကြောင့် ကျွန်ုပ်လည်းဖြောင့်မတ်ပြီ
ယေရှုရဲ့ဖြစ်ခြင်းတွေအားလုံး ကျွန်ုပ်၌ ဖြစ်စေပြီ
ကျေးဇူးတော်အားဖြင့်