ကျေးဇူးတော်လောက်ပေ၏

Verse 1: ဘဝမှာအမှာင်ဆုံးအချိန် အခက်ခဲတွေ ဖြတ်သန်း/ချိန်
ကျွန်ုပ်ရဲ့ဘေးနား အမြဲတမ်းရှိသူ ယေ ရှု
အားငယ်တဲ့အချိန်တိုင်း ဝိညာဉ်အတွင်းမှ စကားပြောတယ်
ကိုယ်တော်ရှိကြောင်း သိစေတယ်

V:2 မျှော်လင့်တာတွေ ဖြစ်မလာ ဆုတောင်းတာတွေ ကြန့်ကြာ
သခင်မျက်မှောက်က အဝေးထွက်သွားပြီလား …
တွေးနေမိပါတယ် မေးခွန်းထုတ်မိလည်း
ဘယ်တော့မှ အဆိုးတော့ မကြံစည်ဘူးယုံတယ်

CHO: သခင်ကျေးဇူးတော် ကျွန်ုပ်အတွက်လောက်ပေ၏
သခင်ကျေးဇူးတော် ရေတွက်လို့ မဆုံးနိုင်ဘူး
အကောင်းမြတ်ဆုံးပါ အို အကြီးမြတ်ဆုံးပါ
သာ၍ကောင်းတဲ့ အကြံစည်နဲ့ ပို့ဆောင်တယ်
သခင်ကျေးဇူးတော် ကျွန်ုပ်အတွက် ပိုလျှံတယ်