[ Verse 1 ]
အရာရာမှာ စုံလင်တာ မျက်မှောက်တော်ပဲ
ရင်ခွင်မှာ ကိုယ်တော်ကို တောင့်တ
ခြောက်သွေ့ ကျွန်ုပ်ဘဝတစ်ခုလုံး
ကိုယ်တော့်ရဲ့ မျက်မှောက်တော်ထဲ
ခေါ်ဆောင်ပါ
[ Verse 2 ]
မြင်ချင်တယ်ကိုယ်တော်ရဲ့ မျက်နှာတော်
နှလုံးသားက တောင့်တလို့ ဟစ်အော်
ကိုယ်တော့်ရဲ့ မျက်မှောက်တော်ထဲ
ကိုယ်တော့်ရဲ့ မျက်မှောက်တော်ထဲ
အနေချင်းဆုံးပါ
[ Chorus ]
ကိုယ်တော်ရဲ့ မျက်မှောက်တော်ထဲမှာ
အနေချင်ဆုံး အရှိချင်ဆုံး
ကိုယ်တော်ရဲ့ အသံတော်အကြားဆုံးပါ
ကိုယ်တော်ရဲ့ မျက်မှောက်တော်ထဲမှာ
အရာခပ်သိမ်း ကျွန်ုပ်ဘဝအတွက်ပြည့်စုံ
ကိုယ်တော်နဲ့ အတူတူ ရှိနေခြင်းက
ကျွန်ုပ်ဘဝလိုအင်