ဘုန်းကြီးခြင်း ဂုဏ်ပြုခြင်း

Verse: ယေရှု ကိုယ်တော်အကောင်းမြတ်ဆုံး ယေရှုအံသြဖွယ်ဖြစ်သည် နာမတကာတို့ထက် ကိုယ်တော်နာမ ချီးမြောက်မည် ကျွန်ုပ်နဲ့အတူရှိသော အံဘွယ်အရှင် Pre chorus: (ဘုန်းကြီးခြင်း ဂုဏ်ပြုခြင်း ခံထိုက်မှုသည် လက်များမြှောက်ပင့်လျက်ကိုးကွယ်မည် သန့်ရှင်းနာမတော်မြတ်ကို) ၂ Cho: (ကြီးမြတ်မှုသော နိမိတ် လက်က္ခဏာ များပြုသော ကိုယ်တော်ကဲ့သို့သူမရှိ ကိုယ်တော်ကဲ့သို့သူမရှိ)၂

1 min read

ဘာမှထပ်မလိုတော့ပါ

Verse: ကိုယ်တော့်အထဲ၌ မဖြစ်နိုင်တာ မရှိ တော့ဘူးလေ ခွန်အားအစွမ်းအစတွေ လျှံထွက်နေ ဘုန်းတန်ခိုးနဲ့ပြည့်စုံကြွယ်ဝ ယေရှုအရှင် အရာ အားလုံးဖြစ်ရန် တတ်စွမ်းတယ် CHO : ဘာမှထပ်မလိုတော့ပါ ဘာမှထပ်မလိုတော့ပါ ယေရှုရှိရင် ပြည့်စုံတယ် ဘာမှထပ်မလိုတော့ပါ ဘာမှထပ်မလိုတော့ပါ ယေရှုရှိရင် ဖြစ်နိုင်တယ် အကုန်လုံးဖြစ်နိုင်တယ်

1 min read

ဘဝလိုအင်

Verse 1: ဆာငတ်‌နေ‌သော ကျွန်ုပ်နှလုုံးသား တို.ထိမှုပါ ‌ မျှော်လင့်နေ‌သော ကျွန်ုပ်ဝိညာဉ်် ‌ရောင့်ရဲ‌စေပါ ကိုယ်‌တော်ကို ကျွန်ုပ်ကြိုးစား၍‌ဖွေရှာ ခေါ်ဆောင်ပါ ကိုယ်‌တော်ရဲ.မျက်‌မှောက်ဝယ် Cho: ခန္ဒာ စိတ် ဝိညာဉ်် ကိုယ်‌တော်ကို ‌‌မျှော်လင့်လို.‌နေတယ် ရေမရှိ ‌သွေ.‌ခြောက်လွင်ပြင်မှာ ခန္ဒာစိတ် ဝိညာဉ်် ကိုယ်‌တော်ကို တမ်းတလို.‌နေတယ် ကိုယ်‌တော်သာ ကျွန်ုပ်ဘဝရဲ. လိုအင်ပါ Verse 2: ငို‌ကြွေးနေသော ကျွန်ုပ်နှလုံးသား ‌အောက်‌မေ့မှုပါ ‌ မျော်လင့်စရာအခွင့် ကျွန်ုပ်ဝိညာဉ်် ‌တွေ.ရှိ ‌စေပါ ကိုယ်‌တော်ကို ကျွန်ုပ်ကိုးစား၍‌ဖွေရှာ ‌ ခေါ်ဆောင်ပါ ကိုယ်‌တော်ရဲ.မျက်‌မှောက်ဝယ်

1 min read

ပြည့်စုံသောနေရာ

V. အထံတော်သို့တိုးဝင်လာ အမြင်ချင်ဆုံးသခင့်မျက်နှာ ဦးစွာတွေ့မြင်ဖို့ ကျွနု်ပ်စိတ်ဆန္ဒ အစုံလင်ဆုံးသခင့်အထံမှာ တစ်စုံတစ်ရာမှမရခဲ့ရင် ပြင်းပြသော ကျွနု်ပ်ရဲ့စိတ်ဆန္ဒ ဖြင့် Pre. တိုးဝင်လာ ကိုယ်တော်ရှင်ရဲ့ ရှေ့မှောက်မှာ အလိုတော်ရှိသည့်အတိုင်း အကျွနု်ပ်၌ပြုမူပါ Ch. ကျွနု်ပ်အတွက် ကိုယ်တော်သည် အသင့်ရှိနေ အနားနားအမြဲတမ်း အဆင်သင့် ရှိ နေတာ ဘယ်အရာကို အားကိုးနေဦးမလဲ ကျွနု်ပ်ရဲ့တောင်းလျောက်သံနားညောင်းကာ နက်နဲသောအရာတွေကို ဖွင့်ပြပေးနေ အရာရာပြည့်စုံနေ ထိုမျက်မှောက်တော်ထဲမှာ Bge. အရာရာပြည့်စုံသောနေရာ အပြည့်စုံဆုံးနေရာ အတမ်းတဆုံး ကိုယ်တော်ရှိတဲ့နေရာ/ (ကိုယ်တော်မျက်မှောက်တော်ပါ)

1 min read

နေ့ရက်တိုင်းအတွက်

Verse: 1 နေ့ရက်တိုင်းအတွက်ဘုရားရဲ့မေတ္တာ နေ့ရက်တိုင်းအတွက်ဘုရားရဲ့ဂရုဏာ နေ့ရက်တိုင်းအတွက်ဘုရားရဲ့ကျေးဇူးတော် ပိုလျှံနေတယ် Verse: 2 နေ့ရက်တိုင်းအတွက်ဘုရားရဲ့သစ္စာ နေ့ရက်တိုင်းအတွက်ဘုရားရဲ့ဂတိတော် နေ့ရက်တိုင်းအတွက်ဘုရားရဲ့ကောင်းကြီးတွေ ပိုလျှံနေတယ် Pre chorus ပင်လယ်လှိုင်းလုံးများကိုရပ်တန်သွားစေသူ ကိုယ်တော်ကျွန်ုပ်တို့နဲ့အတူအမြဲတမ်းရှိနေတယ် Chorus ဘယ်တော့မှနောက်မကျဘူး ဘယ်တော့မှမပျက်ကွက်ဘူး လက်တော်နဲ့အမြဲတမ်းပို့ဆောင်တယ် ဘယ်တော့မှမထားခဲ့ဘူး ဘယ်တော့မှမစွန့်ခဲ့ဘူး ဘယ်တော့မှမမေ့ခဲ့ဘူး နေ့ရက်တိုင်း

1 min read

နိုးထမှုမြစ်

verse: သန့်ရှင်းသော ၀ိညာဉ်တော် လှုပ်ရှားသည့်အခါ ချည်နှောင်နေတဲ့ တံတိုင်းကြီးများ ပွင့်သွား ၀ိညာဉ် မျက်စိပွင့် ၀ိညာဉ် နားတွေကြား နိမိတ်လက္ခဏာ ကြီးမားစွာ ထင်ရှား ဖူလှုံပေါများခြင်း ကြွယ်ဝခြင်းများ မကြုံစဖူး အံ့ဖွယ်တန်ခိုးများ PRE – CHORUS ၀ိညာဉ်နိုးထခြင်း တိုင်းနိုင်ငံထဲ၌ ယခု သက်ရောက်ပြီ ယုံကြည် ဝန်ခံ မြွတ်ဆို CHORUS ကြီးမားသော နိုးထမှုမြစ် စီးဆင်းလာပြီ ထူးဆန်းသော အတွေ့အကြုံများ ခံစားရလာပြီ ငိုက်မြည်းသော ၀ိညာဉ်များစွာ နိုးထလာပြီ နိုးထမှုရဲ့ တန်ခိုးများ (ကူးစက်လာပြီ……)

1 min read

နာမတော်ချီးမွမ်း

V:1 နာမတော်ချီးမွမ်း ပြည်တော်မှာ လုံလောက်ချိန်ချီးမွမ်း ရေမြေတွေ လျှံထွက်ချိန်ချီးမွမ်း အမြဲတမ်းချီးမွမ်းမည် V:2 နာမတော်ချီးမွမ်း ခြောက်သွေ့ရပ် ကြုံတွေ့ချိန်ချီးမွမ်း ကန္တာရ လျှောက်လှမ်းချိန်ချီးမွမ်း အမြဲတမ်းချီးမွမ်းမည် PRE: ရရှိကောင်းကြီး ပြန်လည်ပူဇော် ချီးမွမ်းခြင်းယဇ် ဒုက္ခမိုးတိမ် ကြုံဆုံနေလည်း ချီးမွမ်းနေမည် CHO: ချီးမွမ်းအသက်ရှင်မည် ကိုယ်တော်၌ ချီးမွမ်းအသက်ရှင်မည် ချီးမွမ်းအသက်ရှင်မည် ကိုယ်တော်၌ သန့်ရှင်းသောနာမတော် / မအား ဘုန်းကြီးစေ ( SOLO: ) V:3 နာမတော်ချီးမွမ်း ရောင်ခြည်တွေ ဖြာထွက်ချိန်ချီးမွမ်း တစ်လောကလုံး ကြည်နူးချိန်ချီးမွမ်း အမြဲတမ်းချီးမွမ်းမည် V:4 နာမတော်ချီးမွမ်း ဆူးခင်းလမ်း ဖြတ်သန်းချိန်ချီးမွမ်း ဝေဒနာ ကြုံတွေ့ချိန်ချီးမွမ်း အမြဲတမ်းချီးမွမ်းမည် Bridge: ( ရှိရှိသမျှ အရာများ ပြန်ရုပ်သိမ်းသွား လည်းဘဲ ငါ့နှလုံးသားရွေးချယ်တာ […]

1 min read

နှုတ်ဖြင့်မြွက်ဆိုမမှီ

Verse: 1 ယေရှု ကျွန်ုပ်ကို ချစ်သည်မှာ ဝိညာဥ်အပြစ်မှ လွတ်ခြင်းငှာ တိုင်ပေါ်တွင်ခံ သွေးတော်သွန်းရာ နှုတ်ဖြင့်မြွက်ဆိုမမှီ CHO: ကိုယ်တော်ရှင်၏ ချစ်ခြင်းမေတ္တာ နှုတ်ဖြင့်မြွက်ဆို မမှီနိုင်ရာ ယေရှုကျွန်ုပ်အား ချစ်သည်ကို နှုတ်ဖြင့်မြွက်ဆိုမမှီ​ Verse: 2 ကျွန်ုပ်အသက်ရှင်စေလိုငှာ ဝမ်းနည်းဒုက္ခခံပါတကား ဆူးရစ်ခေါင်းတော်မြတ်ပေါ်တင်ရာ နှုတ်ဖြင့်မြွက်ဆိုမမှီ Verse: 3 ပလ္လင်တော်ဝယ် ရှေ့ဆောင်သခင် ကိုယ်တော်မြတ်၌ ငြိမ်သက်သာခြင်း အသွေးတော်မြတ် ကုသိုလ်တော်ပင် နှုတ်ဖြင့်မြွက်ဆိုမမှီ Verse: 4 အနီးတွင်နေလျှင် ဝမ်းမြောက်ခြင်း ကြောက်ရွံ့ခြင်းကင်းသော ငြိမ်သက်ခြင်း မျှော်လင့်ခြင်း ထူးသဖြင့်ကြည်လင် နှုတ်ဖြင့်မြွက်ဆိုမမှီ

1 min read

တောင်ထိပ်၌လည်း

Verse 1 ကိုယ်တော်ရှင်ရဲ့အတူရှိခြင်းသည် ကျွန်ုပ်ဘဝအတွက် အလိုအပ်ဆုံးပါ ကိုယ်တော်ရှင်နဲ့အတူရှိခြင်းသည် ကျွန်ုပ်ဘဝအတွက် အရေးကြီးဆုံးပါ Verse 2 ကိုယ်တော်ရှင်ရဲ့အတူရှိခြင်းက ကြောက်ရွှံ့စိတ်များ ဖယ်ရှားပေးတယ် ကိုယ်တော်ရှင်နဲ့အတူရှိခြင်းက ကျွန်ုပ်ဘဝရဲ့အောင်မြင်ခြင်းပါ Chorus : တောင်ထိပ်၌လည်းကိုယ်တော်ရှိတယ် လွင်ပြင်မှာလည်းကိုယ်တော်ရှိနေတယ် ဒုက္ခရောက်ချိန် သုခရှိနေချိန် ကျွန်ုပ်တို့နဲ့အတူ ကိုယ်တော်ရှိတယ် Bridge : ကောင်းသောသူ မကောင်းသောသူအားလုံးအပေါ်မှာ ခွဲခြားခြင်းမရှိနေပူမိုးရွာစေတယ် အားနည်းသူ အားကြီးသူ သားသမီးများအပေါ် ပြောင်းလဲခြင်းမရှိ ကိုယ်တော်မေတ္တာ

1 min read

တိုး၍

Verse : နေ့ရက်တိုင်းအသစ်ခံစားရ မျက်မှောက်တော် မနေ့ကထက်တိုး၍မြင်ရ ခမ်းခြောက်မသွားပါ စီးဆင်းအမြဲသာ အဂ္ဂါပေ မေတ္တာ သခင့်ရဲ့ကျေးဇူးတော်များ ချီးမွမ်းစဉ် အသစ်အသစ်သော ကျေးဇူးခံစား ချီးမွမ်းလို့မကုန် သီကျူးဖွဲ့နွဲ့မကုန် အနှိုင်းမဲ့နာမ Cho: အရင်အချိန်ထက်တိုး၍ ကိုယ်တော်အားချစ်သည် အရင်အချိန်ထက်တိုး၍ ကျန်ုပ်လိုအပ်သည် တိုး၍သိလေ တိုး၍ချစ်လေ တိုး၍လိုချင် Bridge: ကိုယ်တော်မေတ္တာ အနှိုူင်းမဲ့ပါ ထာဝရ ကိုယ်တော်အချစ်သာ ထူးမြတ်စုံလင်တာ နှလုံးသားရဲ့တောင့်တရာ ကျွန်ုပ်ဘဝအတွက်မရှိမဖြစ်ပါ အရာရာထက်သခင့်အချစ်သာ/ပဲ အလိုအပ်ဆုံးပါ်

1 min read

တတ်စွမ်းသောဘုရား

Verse : (အလုံးစုံတတ်နိူင်သောဘုရား ပင်လယ်ကိုခွဲကာလွတ်မြောက်စေသူ အနန္တတန်ခိုးနှင့် ထာဝရအမြဲပြည့်စုံသူ မတတ်နိူင်သောအရာ မရှိတဲ့ဘုရား သေခြင်းကိုပင်အောင်မြင်သောသူ အနန္တတန်ခိုးနှင့် ထာဝရအမြဲစိုးစံသူ) Pre Chorus: (အရာခပ်သိမ်းတို့ရဲ့ ဖန်ဆင်းရှင် အရာခပ်သိမ်းတို့ကို အုပ်စိုးသူ အရာခပ်သိမ်းတို့ရဲ့ ဖြစ်တည်ရာ) Chorus: (လူတွေတောင်းပန် ကြံစည်သမျှထက် အလွန်ထူးခြားစွာပြုခြင်းငှါ တတ်စွမ်းသော သခင်ဘုရား လူတွေစဉ်းစား မျှော်လင့်သမျှထက် ကျော်လွန်ပြီးအမြဲတမ်း အလုပ်လုပ်သူ တတ်စွမ်းနိူင်တာ ကိုယ်တော်ပါ) Bridge: ( ယခု သခင့်ရဲ့ လက်တော် လှုပ်ရှားပြီ ယခု သခင့်ရဲ့ တန်ခိုးတော် လှုပ်ရှားပြီ ယခု သခင့်ရဲ့ ဘုန်းတော် ထင်ရှားပြီ / မြင်ရပြီ ) 4 Ending: ( ကိုယ်တော်တတ်နိုင်တယ် ) 12

1 min read

ဌာနတော်

Verse: ၀ိညာဉ်တော် ဆင်းကြွပြီ ‌လေထုတစ်ခုလုံး ပြောင်းလဲပြီ ဆာငယ်သူကို တို့ထိ စကားပြောနေပြီ မျက်မှောက်တော်နဲ့ လွှမ်းမိုးပြီ မသိ၍နားမလည်နိုင်သော နက်နဲသောအရာများဝိညာဉ်တော် အားဖြင့် ဖွင့်ပြနေပြီ Pre-Cho အနက်ရှိုင်းဆုံးသော ထင်ရှားပြသော ကိုယ်တော့်မျက်မှောက်မှာ အရာရာပြည့်စုံ ထင်ရှားပြသော အနက်ရှိုင်းဆုံးသော ကိုယ်တော့်မျက်မှောက်မှာ အရာရာပြည့်စုံ Cho – အခြေအနေတွေအားလုံး ထူးခြား ပြောင်းလဲပြီ အနာတွေအားလုံး ပျောက်ကင်းလို့ ကျန်းမာပြီ လိုချင်တာအားလုံး သိမ်းပိုက်ရရှိပြီ အရာရာတွေအားလုံး ပြီးပြည့်စုံတဲ့ဌာန မျက်မှောက်တော်ပါ

1 min read